Go Back

မင်္ဂလသုတ် မှတ်စု (၃၈) ဖြာ မင်္ဂလာ (485g)
S$0.00
ဆရာတော် ဥုးကောဝိဒ (ဆိပ်ဖြူ) မှ ရေးသားပြုစုသည်
ISBN: 978-981-94-6266-7 (Paperback)
ISBN: 978-981-94-6267-4 (PDF)
လက်ရှိဘဝနှင့် နောင်ဘဝတို့၌ ပျော်ရွှင်မှုများရရှိပြီး အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ကျွန်ုပ်တို့ ဘာလုပ်ရမည် ဆိုသည့် မေးခွန်း၏ အဖြေကို မင်္ဂလသုတ်မှ (၃၈) ဖြာ မင်္ဂလာတရားတော်၌ ရှာဖွေကြပါစို့။
မြန်မာနိုင်ငံတွင် မင်္ဂလသုတ် နှင့်ပတ်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက် စာအုပ်များစွာ ရှိပါသည်။ ကလေး၊ လူငယ်များအတွက် ကာတွန်း၊ ပုံပြင်၊ ရုပ်ပြ စာအုပ်များတွင် ဇာတ်ကြောင်းများကို အဓိကထား ဖော်ပြကြသည်။ စာရေးဆရာများက သူတို့၏ အမြင်နှင့် အယူအဆများကို စာဖတ်ပရိသတ်များအတွက် ရေးသားကြပြီး၊ ဆရာတော်ကြီးများက မူလ အဋ္ဌကထာကို အခြေခံ၍ ရေးသား ဖော်ပြကြသည်။
ဆရာတော် ဥုးကောဝိဒ သည် မင်္ဂလသုတ်နှင့် ပတ်သက်သော စာအုပ် (၂၅) အုပ်ကျော်ကို အသေးစိတ် လေ့လာဖတ်ရှုခဲ့ပြီး၊ ထိုစာအုပ်များကို ကိုးကား၍ ပြုစုရေးသားထားပါသည်။ တချို့သော စာအုပ်များမှာ ဝယ်ယူ၍ မရရှိတော့သည့် ရှားပါးသော စာအုပ်များဖြစ်ကြပြီး အီလက်ထရွန်းနစ်စာအုပ်များ (e-books)အဖြစ်သာ ရရှိနိုင်ပါသည်။
စာဖတ်သူများအတွက် ဤမင်္ဂလသုတ် စုစည်းချက်စာအုပ်သည် လေ့လာကျင့်ကြံနိုင်ရန်၊ သင်ကြားပို့ချရန်နှင့် တရားဟောပြောရန်အတွက် ဆောင်ထားရမည့် လက်စွဲ စာအုပ်အဖြစ် အကျိုးကျေးဇူးများ ပေးစွမ်း နိုင်ပါလိမ့်မည်။

Quantity
Add to cart